PayPal Services အသေးစိတ်

PayPal ဆိုတာဘာလဲ?

PayPal ဆိုတာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အသုံးအများဆုံးနဲ့ လူကြိုက်အများဆုံး နိုင်ငံတကာ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) နှင့် အွန်လိုင်းငွေပေးချေမှုစနစ်တစ်ခု ဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ယုံကြည်စိတ်ချစွာ အသုံးပြုနေကြတာပါ။

အသုံးဝင်ပုံ (Use Cases)

ဘယ်အတွက် အသုံးပြုလို့ရလဲ

Freelancer/လုပ်ငန်းရှင်များအတွက် ငွေလက်ခံခြင်း (Receive Payments)

နိုင်ငံတကာက ကလိုင်းရင့်တွေ၊ ကုမ္ပဏီတွေနဲ့ အလုပ်လုပ်တဲ့အခါ မိမိရဲ့ လုပ်အားခ ဒါမှမဟုတ် ပစ္စည်းရောင်းရငွေတွေကို PayPal ကနေတစ်ဆင့် အလွယ်ကူဆုံး လက်ခံရယူနိုင်ပါတယ်။ Email တစ်ခု သို့မဟုတ် PayPal.Me လင့်ခ်နဲ့ ငွေတောင်းခံနိုင်ပြီး Fiverr, Upwork တို့နဲ့လည်း တိုက်ရိုက်ချိတ်ဆက် Withdraw လုပ်နိုင်ပါတယ်။

နိုင်ငံတကာ Website တွေမှာ စိတ်ချလက်ချ ဈေးဝယ်ခြင်း

eBay, Amazon, AliExpress စတဲ့ ကမ္ဘာ့အကြီးဆုံး Shopping Website တွေအပြင် အခြားအွန်လိုင်း Store ပေါင်းများစွာမှာ PayPal နဲ့ ငွေပေးချေနိုင်ပါတယ်။ မိမိရဲ့ Visa / Mastercard အစစ်အမှန် နံပါတ်တွေကို တိုက်ရိုက်ထည့်စရာမလိုဘဲ PayPal Login နဲ့ပဲ ချေလိုက်ရုံပါပဲ။

Subscriptions နှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်း

Netflix, Spotify, Zoom, Hosting (Domain နှင့် Server)၊ ChatGPT Plus နဲ့ အခြား AI Tools တွေရဲ့ လစဉ်ကြေး/နှစ်စဉ်ကြေးတွေကို PayPal နဲ့ အလွယ်တကူ Auto-bill ချိတ်ဆက်ပေးချေနိုင်ပါတယ်။

ဝယ်ယူသူကို အပြည့်အဝအကာအကွယ်ပေးခြင်း (Buyer Protection)

အွန်လိုင်းကနေ ပစ္စည်းတစ်ခုခုဝယ်လိုက်လို့ ပစ္စည်းမရောက်တာ သို့မဟုတ် ရောက်လာတဲ့ပစ္စည်းက မိမိမှာတာနဲ့ တခြားစီဖြစ်နေရင် PayPal ဆီမှာ Dispute တိုင်ကြားပြီး မိမိပေးလိုက်ရတဲ့ ငွေတွေကို ရာနှုန်းပြည့် Refund ပြန်တောင်းပိုင်ခွင့် ရှိပါတယ်။

PayPal ဝန်ဆောင်မှု ရယူချင်ပါသလား?

Telegram မှတစ်ဆင့် ချက်ချင်းဆက်သွယ်ပြီး အမြန်ဆုံး ဝန်ဆောင်ခွင့်ရယူလိုက်ပါ။

Telegram မှာ မှာယူမည်